တက္ကသိုလ်အကြောင်း

ဤတက္ကသိုလ်ကို ကျေးဇူးတော်ရှင် ဓမ္မဒူတ ပါမောက္ခ ဒေါက်တာအရှင်ဆေကိန္ဒ ဆရာတော်က မြန်မာသက္ကရာဇ် (၁၃၇၉)ခုနှစ်၊ ခရစ်နှစ်(၂၀၁၇)ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ ရွှေကျင်နိကာယ အဓိပတိဥက္ကဌ မဟာနာယက စုဒ္ဒသမရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော် ဘုရားကြီးနှင့် ရွှေကျင်နိကာယ အဓိပတိဥက္ကဌ မဟာနာယက ပန္နသမရွှေကျင်သာသနာပိုင် ဝိဇ္ဇောတာရုံဆရာတော်ဘုရားကြီးတို့၏ ချီးမြှောက်စီမံ ဦးဆောင်မှုဖြင့် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီးကို သုံးနှစ်တစ်ကြိမ်ဖြင့် သုံးကြိမ်တိုင်တိုင် ဆက်တိုက် ပူဇော်ကျင်းပပြုလုပ် အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး စည်ပင်ထွန်းကားရေးအတွက် ဤဓမ္မဒူတဆေကိန္ဒတက္ကသိုလ်ကြီးကို တည်ထောင် ဖွင့်လှစ်ခဲ့ပါသည်။